အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမ်းမြို့နယ် ကမ်းဒိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

90

91


MNP  -  ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကမ်းဒိတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါသဘာဝဘေး အန္တရာယ်အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်က ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေး နွေးခဲ့သည်။


ဆက်လက်၍ LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန်မာ)အဖွဲ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကလေးသူငယ်(ဥပဒေ)နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလှောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages