တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူး မအီမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူး မအီမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး




MNP  -   ဒီဇင်ဘာ ၃၁

တောင်ကုတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက မအီမြို့သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လျှပ်စစ်၊ စည်ပင်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သက်ဆိုင်ရာဌာနများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မအီ- ကျောက်ဖြူ- အမ်း လမ်းဆုံသို့သွားရောက်၍ ယင်းလမ်းဆုံ၌ CCTV တပ်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၄)ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းမြေနေရာ အငြင်းပွားနေမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာကာယကံရှင်များနှင့် တွေ့ဆုံပြီး လိုအပ်သည့်အချက်အလက်များကို ပြောကြားဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မိဘဂုဏ်ဆောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက်ရှိ စံပယ်လမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်းနှင့် ကန်တော်လမ်းတို့၏ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ထမိန်စိမ်းမတောင်ရှိ အမှိုက်ပစ်ကျင်းသွားလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ဖော်ပြပါ မအီမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)