MNP - ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် ၉နာရီက အဆိုပါကျေးရွာရှိ ကွင်းအမှတ် ၄၅၆ (က) ၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ကွင်းအမှတ် ၄၅၆ (က) တောင်သူဦးကျော်စိုး၏ မိုးစပါးစိုက်ခင်း တစ်ဧက စံကွက်ရိတ်သိမ်းရာ စပါးအခြောက်တင်း (၈၅.၂၅)တင်း ထွက်ရှိခဲ့သည်။
မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဦးမင်းကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးမင်းဟိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ခရိုင်မြို့နယ် မြေစာရင်း ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment