မြိတ်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းကဏ္ဍအလိုက် ချေးငွေလျှောက်ထားမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရန် ချေးငွေလျောက်ထားသူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းကဏ္ဍအလိုက် ချေးငွေလျှောက်ထားမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရန် ချေးငွေလျောက်ထားသူများ တွေ့ဆုံဆွေးနွေး



MNP - ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းကဏ္ဍအလိုက် ချေးငွေလျှောက်ထားမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်ရန် ချေးငွေလျှောက်ထားသူများ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေး‌နွေးခဲ့ကြ သည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ တနင်္သာရီတိုင်းဒေသကြီးအတွက် (၈)ဘီလီယံရရှိ ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ တွင် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေများကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူ လူထုလက်ထဲ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် နည်းမှန်လမ်းမှန် ဥပဒေနှင့်အညီ ရောက်ရှိ စေလိုကြောင်း၊ တာဝန်ရှိသူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ချေးငွေများကို အကျိုးရှိရှိအသုံးချနိုင်ရေး ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ 


ယင်းနောက် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း ကဏ္ဍ အလိုက် ချေးငွေလျှောက်ထားမှုများနှင့်  စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက နိုင်ငံစီးပွားမြှင့်တင် ရေးရန်ပုံငွေများကို အကျိုးရှိစွာ အသုံးချ နိုင်ရေးနှင့် ချေးငွေများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှန်တကယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသူများမှ သိလိုသည်များနှင့် အခက်အခဲများကို မေးမြန်းဆွေးနွေး ကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ နိုင်ငံတော်မှ တနင်္သာရီတိုင်းဒေသကြီးအား နိုင်ငံစီးပွားမြှင့် တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေ ပေးအပ် ခြင်းသည် တိုင်းဒေသကြီးရှိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း နေထိုင်ကြသည့်သူများ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ချေးငွေလျှောက်ထားလိုသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စီးပွားကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်မည့်သူများကို ‌ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)