နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းအဆင့်မြှင့်တင်တိုးချဲ့ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းအဆင့်မြှင့်တင်တိုးချဲ့ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်

 


MNP - ဒီဇင်ဘာ   ၈


နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းကို ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မူလကတ္တရာလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းကို လမ်းပိုင်းနှစ်နေရာ၌ဆောင်ရွက်လျက်ရှိပြီး  ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းရှိ ၅၅ ဒသမ ၈၅ ကီလိုမီတာမှ ၅၈ ဒသမ ၃ ကီလိုမီတာ အအတွင်း မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေအကျယ်ကို ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ် ၆၇၉ ဒသမ ၇ သန်းဖြင့်လည်းကောင်း ၊ ၆၄ ဒသမ ၃ ကီလိုမီတာမှ ၆၅ ကီလိုမီတာ အတွင်း မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ်ကို ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၉၄ သန်းဖြင့်လည်းကောင်း စုစုပေါင်း လမ်းအရှည် ၃ ဒသမ ၁၅ ကီလိုမီတာအား အဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းတွင် စုစုပေါင်းလမ်းအရှည် ၃၈ ကီလို မီတာရှိရာ ယခုလမ်းအဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်း လုပ်ငန်းများအပါအဝင် ၃၂ ကီလိုမီတာ ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်း၊ မိုးနဲလမ်းပိုင်းအနေဖြင့် ဆက်လက်အဆင့် မြှင့်တင်တိုးချဲ့ ကတ္တရာခင်းခြင်းဆောင်ရွက်ရန် ၆ ကီလိုမီတာသာကျန်ရှိတော့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်၏ ပြောကြားချက်အရ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)