ဗီယက်နမ်နိုင်ငံသို့ သကြားတန်ချိန် ၅၀၀၀၀ တင်ပို့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်နိုင်ငံသို့ သကြားတန်ချိန် ၅၀၀၀၀ တင်ပို့မည်



MNP ၊ ဒီဇင်ဘာ ၂၁

ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှ စ၍ သကြားတန်ချိန် ၅၀၀၀၀ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

နှစ်စဉ်မြန်မာနိုင်ငံတွင် သကြားတန်ချိန် ၅၀၀၀၀၀ ခန့် ထွက်ရှိပြီး ၄၅၀၀၀၀ ခန့်ကို ပြည်တွင်း၌ စားသုံး၍ ပိုလျှံ သကြားတန်ချိန် ၅၀၀၀၀ ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ နှုန်းရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့် သကြားတန်ချိန် ၅၀၀၀၀ ရောင်းချပေးရန် သဘောတူညီမှုရရှိထားပြီး ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)