ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ





MNP   ၊ ဒီဇင်ဘာ ၃၀

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့၊ အထိမ်း အမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ(ရုံးချုပ်)မှ ထုတ်ဝေသော သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့၊ နံနက်(၁၀)နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိရှိ ဦးအောင်ဆွေနှင့်ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။


သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့က ရန်ကုန်မြို့ တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းရေး ဆောင်ပါး၊ လွတ်လပ်ရေးကို ကာကွယ်ပါ၊ အမိန့်နိုင်ငံတော်ကို ချစ်မြတ်နိုးပါစသည့် ဆောင်ပုဒ်များ၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားခဲ့သော  လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာ၊ ကာတွန်း စသည့် သိမှတ်ဖွယ်ရာ ဗဟုသုတများပါဝင်သည်။


  ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင် (၁၀၀)ကို ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများသို့(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)