တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ(အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ(အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



MNP - ဒီဇင်ဘာ ၁၇


၂၀၂၂-ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် တံတားဦးမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာပေါင်းစုံ(အမျိုးသား)ဖူဆယ်လောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၂)နာရီက တံတားဦးမြို့ အားကစားခန်းမ၌ ကျင်းပကြောင်းသိရသည်။


အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးအတွက် အထောက်အကူဖြစ်ရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားကစားစိတ်ဓာတ်ကို အခြေခံလျက် ဝန်ထမ်းအချင်းချင်း နားလည်မှု၊ ရင်းနှီးချစ်ကြည်မှုများ တိုးပွားလာစေရေး၊ အပန်းဖြေမှုဖြစ်စေသလို ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်း တာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ဌာနပေါင်းစုံ ဖူဆယ်ဘောလုံး (အမျိုးသား) ပြိုင်ပွဲကို ဌာနဆိုင်ရာကစားသမားများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုရရှိရေးအတွက် အနိုင်ခံအရှုံး မပေးဘဲအားကစားစိတ်ဓာတ် အပြည့်အဝနဲ့ မိမိတို့ရဲ့ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်းပြောကြားသည်။ ဆက်လက် စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားအဓိဌာန်များကိုရွတ်ဆိုပြီး ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများကပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲ (အမျိုးသား)အသင်းဖြစ်သည့် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနအသင်းနှင့် မြန်မာနိုင်ရဲတပ်ဖွဲ့ အသင်းတို့အား ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းကကွင်းအတွင်း ဘောလုံးကန်၍ ပြိုင်ပွဲကို ကွင်းဖွင့်စတင်ပေးသည်။


ဌာနပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ကို ၂၀၂၃-ခုနှစ်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်ကြောင်း ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဌာနများမှ ပူးပေါင်းပါဝင်ပြီး အသင်းအားဖြင့်(၈)သင်းပါဝင်၍ အုပ်စုပတ်လည်စနစ်ဖြင့် ကစားမည်ဖြစ်ကြောင်း၊ ဆုပေးပွဲကို (၂၄.၁၂.၂၀၂၂)ရက်နေ့ ညနေ(၄)နာရီအချိန်တွင်လည်း ကျင်းပဖြစ်ကြောင်း ယနေ့ပြိုင်ပွဲတွင် မြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနအသင်းမှ(၅)ဂိုးနှင့်  မြန်မာနိုင်ရဲတပ်ဖွဲ့အသင်းမှ(၁) ဂိုးရရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို ထံမှသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)