မြောက်ဦးမြို့၌ အခြေခံကျောင်းများရှိ တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံဘဲ ကျန်ရှိနေ ကျောင်းသူ/ ကျောင်း သားများအား ဆက်လက်ထိုးနှံပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ အခြေခံကျောင်းများရှိ တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံဘဲ ကျန်ရှိနေ ကျောင်းသူ/ ကျောင်း သားများအား ဆက်လက်ထိုးနှံပေးလျှက်ရှိ









MNP -   ဒီဇင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌  အခြေခံပညာကျောင်းရှိ တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံဘဲ ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူ များအား ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အောင်တပ်ရပ်ကွက် အ.ထ.က-၂ ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


ထို့နောက် MYANCOPHARM  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်း ညွှန်ချက်များနှင့် အညီ ဆေးမ ထိုးနှံမီကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်း နှင့်ပုံမှန်အနေအထား ရှိမှ သာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ် ဆေးထိုးနှံပြီးသူများ အား မိနစ် ၃၀ ခန့် အနား ယူစေရန် သက်ဆိုင်ရာဌာနများမှ ကူညီစီစဉ် ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)