မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်


41


MNP -  ဒီဇင်ဘာ ၂၄

    မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-10, Grade-11 ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယမန်နေ့လယ် (၁:၀၀)နာရီက၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း​ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင် တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ မွန်ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အရည်အသွေး ပြည့်ဝသော ပညာရေးသည် အရေးကြီး သော ပညာရေးကို လက်တွေ့အကျ ဆုံးနှင့် အဓိက ဖော်ဆောင်ရမည့် အခန်းကဏ္ဍမှပါဝင်၍ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများအဖြစ် သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ အခက်အခဲမရှိဘဲ အောင်မြင်စွာ သင်ကြားနိုင်ရေး အတွက် ဘာသာရပ်အလိုက် သင်ရိုးမာတိကာ၊ သင်ခန်းစာဖွဲ့စည်းပုံနှင့် ချိတ်ဆက်စီစဉ်ထားပုံ၊ ဘာသာရပ်ပါအကြောင်းအရာနှင့် အခြေခံအသိပညာများကို သိရှိနားလည်ပြီး ကျွမ်းကျင်မှု ရှိအောင် မော်လမြိုင်တက္ကသိုလ် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊သင်္ချာဌာန ဓါတုဗေဒဌာန၊ ရူပဗေဒဌာန၊ ဇီဝဗေဒဌာန၊ ဘောဂဗေဒဌာန၊ပထဝီဝင်ဌာန၊ သမိုင်းဌာနတို့မှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများမှ လာရောက်လမ်းညွှန် ပြသဆွေးနွေးပို့ချ သင်ကြားပေး၍ ထိရောက်စွာ အသုံးပြုကြရန်နှင့် သင်ခန်းစာများကို အထူးအလေးထားလေ့လာပြီး ကျောင်းသား၊ ကျောင်းသူ များအား ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ကမ္ဘာ့အဆင့်အတန်းမီအောင် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းမှာကြား ခဲ့သည်။


    ထို့နောက် မွန်ပြည်နယ်  ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ကိုယ်ပိုင်ကျောင်းများမှ အလုပ်ရုံ ဆွေးနွေးပွဲအတွက် အလှူငွေ(၁၀)သိန်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမ (၁၆)ဦးက သင်တန်းနည်းပြများ အဖြစ် သင်ကြားမှာဖြစ်ပြီး သင်တန်းသူ/သား(၅၀၀)ကျော် တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းအား နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ၂၃.၁၂.၂၀၂၂ မှ ၂၄.၁၂.၂၀၂၂ ထိ ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages