ဂွမြို့နယ်တွင် ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး




MNP   -  ဒီဇင်ဘာ      ၂၀ 

 ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ပြီးနောက် ကျေးရွာများတွင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊  ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေနှင့် အဖွဲ့သည်၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  ကံ့ကော်တောင်ကျေးရွာရှိ ကျေးလက်အိမ်ရာ(၅)လုံး တည်ဆောက်ခြင်း လုပ်ငန်းအား လည်းကောင်း၊ Cash for Work စီမံကိန်းနှင့်  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်းများအား လည်းကောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်လုပ်ငန်းများ အရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာများရှိ ရပ်မိရပ်ဖများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ ရေရှည်အသုံးပြု ဆောင်ရွက်နိုင်ရေးနှင့် ရေရှည် အသုံးပြု သွားလာနိုင်ရေးတို့အတွက်အလေးထား ဆောင်ရွက်သွားကြစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)