ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP   -    ဒီဇင်ဘာ ၁၉

      ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား

အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မြို့နယ်

အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုး

ပြုလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခြင်းကို ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများဦး

ဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် ၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက် က မိမိတို့၏ရပ်ရွာဒေသ ၊ နယ်မြေဒေသလုံခြုံရေး ၊အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊  မြို့နယ်ရဲမှူးဦးသက်နိုင်ဦးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် ၊ရပ်မိရပ်ဖများမှလည်းတာ၀န်သိပြည်သူများအနေနှင့်ဝိုင်း၀န်းပူးပေါင်းပါ၀င်ကြရန်အသိပေးနှိုးဆော်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ဆရာဝန်ဒေါက်တာတင်မြင့်ဦးကမြို့နယ်ဆေးရုံ၏ဝန်ဆောင်မှုများ၊အားသာချက်အာနည်းချက်များနှင့် ကူးစပ်ရောဂါများဖြစ်ပွါးလာပါကပြည်သူလူထုများအနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့်ကျန်းမာရေးဆိုင်ရာဗဟုသုတများအားဆွေးနွေးဟောပြောခဲ့သည်။


တွေ့ဆုံပွဲသို့မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အား/ကာဦးစီဌာန၊းမြို့နယ်မီးသတ်တပ်ဖွဲ့၊သွေးလှူရှင်အသင်း၊မြို့နယ်နာရေးကူညီမှုအသင်းမှဥက္ကဌနှင့်အသင်းဝင်များ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များအလိုက်ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

      ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်

ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)