မိုးမိတ်မြို့တွင် ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့တွင် ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဆင်းပွဲကျင်းပ



MNP  -  ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပြည်နယ်အဆင့်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် ခရိုင်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်သိန်းက လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် အထွေထွေရွေး ကောက်ပွဲကျင်းပမည်ဖြစ်ရာ ပြည်သူလူထုမှမှန်မှန်ကန်ကန် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးဟာ အလွန်အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သည်ဟုပြောကြားခဲ့ပြီး ဆက်လက်ပြီး သင်တန်းဆင်းပွဲကျင်းပခဲ့ရာ သင်တန်းနည်းပြဖြစ်သူ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင်နှင့် သင်တန်းသား/သူများနှင့်စုပေါင်း၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)