ပင်းတယ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်




MNP - ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက သစ်အယ်ပင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သစ်အယ်ပင်၊ စံပယ် ဆောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပင်းတယမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်သန်းက ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကြက်ခြေနီတပ်ဖွဲ့၏ အခြေခံမူများကို သိရှိနားလည်ပြီး မိမိတို့မြို့နယ်အတွင်း ရေဘေး၊ မီးဘေး၊ ငလျင်ဘေး အစရှိရှိသည့် ဘေးဒုက္ခများ ကြုံတွေ့ရပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်စွာ ကူညီတုံ့ပြန်နိုင် ရေးနှင့် လူထုအခြေခံ ကျန်းမာရေးများကို ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါသင်တန်းအတွက် MRTV-4  တာဝန်ခံ ဦးဇော်မျိုးက အလှူငွေကျပ် (၅)သိန်းအား ကူညီထောက်ပံ့ပေးခဲ့ရာ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက လက်ခံ ရယူခဲ့ကြောင်း သိရသည်။


အဆိုပါ ရှေးဦးပြုစုခြင်း ခြေခံသင်တန်းကို သင်တန်းသား (၂၀)ဦး၊ သင်တန်းသူ (၅၃)ဦး စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၇၃)ဦး တက်ရောက်ပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့မှ (၂၆) ရက်နေ့အထိ သင်တန်းနည်းပြများက သင်တန်းဆိုင်ရာ ဘာသာရပ်များ ကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရဲထက်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)