MNP - ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပထမအကြိမ် ဒီဇင်ဘာဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မိုင်းလုံမြို့ ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မိုင်းလုံ(က)နှင့် မိုင်းလုံ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားရာ မိုင်းလုံ(ခ)အသင်းက အနိုင်ရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားတွင် အားကာကော်မတီမှ နာယက ဦးဘိုအေးက ပြိုင်ပွဲကို အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ ထိခိုက်မှုမရှိပဲ ယှဉ်ပြိုင်ကစာခဲ့ပေးသော အားကစားသမားအားလုံးနှင့် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်များသည်လည်း ဘက်လိုက်မှုမရှိဘဲ စည်းကမ်းအတိုင်း ဆောင်ရွက်ပေးခဲ့သောကြောင့် အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြား၍ ဆုရရှိသောအသင်းတို့ကို ဆုအသီးသီးချီးမြှင့်ခဲ့ပြီး ပထမရရှိသော မိုင်းလုံ(ခ)အသင်းကို ဆုဖလားပေးအပ်ကာ အခမ်းအနားက်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုပေးပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကာကော်မတီနှင့် ဘောလုံးသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment