MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ၊ ဘောလုံးဝါသနာရှင်လူငယ်များ စုပေါင်းကျင်းပသော ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေအချိန်က အမှတ်(၃) ရပ်ကွက် (အထက) ဘောလုံးအားကစားကွင်း၌ ဖွင့်ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ(၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ် ဖလားဘော လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တပ်တောင်မြို့စီးပွားရေးလုပ် ငန်းရှင်များ၊ ဘောလုံးဝါသနာရှင်လူငယ်များ တက်ရောက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း က အဖွင့်အမှာစကားပြောကြားခဲ့ရာ ဘောလုံးပြိုင်ပွဲကိုတစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန် ဉာဏ်ရည်မြင့်မားသည့် အားကစားသမားများ ပေါ်ထွန်းရေး၊ မြို့အတွင်းရှိ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားကာ ဖိတ်ခေါ်ဖလား ဘောလုံးအားကစားပြိုင်ပွဲကို ဘောလုံးအသင်း (၂၉) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment