ပေါက်တောမြို့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူအများ ပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြည်သူအများ ပါဝင်ဆင်နွှဲ



MNP   -    ဒီဇင်ဘာ ၃၁

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု လူထုစုပေါင်း လမ်းလျှောက်ပွဲ စတုတ္ထပတ်အဖြစ် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ နှင့် အားကစားစိတ်ဝင်စားသည့် ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။ 


 ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့ဝင်များသည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် ​ ​​ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့မှစတင်ပြီး ​ တောင်ညိုလမ်းတစ်လျှောက်   ​ တောင်ညို ကျေးရွာအနီး တောင်ညိုဂူဘုရားထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး  စုပေါင်းကိုယ်လက်ကြံံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ကြသည်။ 


 ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်း နှင့်အဖွဲ့များမှအဆိုပါကျောင်းအားကစားကွင်းတွင် ဗလာမပါ ကံစမ်းမဲများအား တပျော်တပါး မဲဖောက်ဆောင်ရွက်ပေးကာ၊ စားသောက်ဖွယ်ရာအဖြစ် ကောက်ညှင်းပေါင်းနှင့် အကြော်များ ဝေငှပေးသည်။


 ဝင်းမင်းစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)