ရသေ့တောင်မြို့နယ်တွင် မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၏(၅)ကြိမ်‌‌မြောက် တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ပြုပွဲနှင့် အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၏(၅)ကြိမ်‌‌မြောက် တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ပြုပွဲနှင့် အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ



MNP -  ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် မေယုရင်ငွိ့လူမှုကူညီရေးအသင်း (မယူကမ်းဒေသ)၏(၅)ကြိမ်‌‌မြောက် တက္ကသိုလ်ဝင်တန်း ထူးချွန်ဂုဏ်ပြုပွဲနှင့် အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန့်က အထက(ခွဲ)မင်းဖူကျောင်းခံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ မောင်တောခရိုင်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးခင်အောင်နှင့် ကျေးရွာအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ မြို့မနယ်‌မြေ ပညာရေးဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်း၊ ကျောက်တန်းနယ်မြေဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ရသေ့တောင်မြို့နယ် လူငယ်များကွန်ယက်(RYN)၊ စေတီပြင်ပရဟိတလူငယ်များ အပါအဝင်လူမှုရေးအသင်းအဖွဲ့ (၂၀)ခန့် တက်ရောက်ခဲ့ကြသည်။


ဆုပေးပွဲတွင် ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ (၅)ဘာသာဂုဏ်ထူးရှင်၊ (၃)ဘာသာဂုဏ်ထူးရှင်၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဘာသာဂုဏ်ထူးရှင်၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၇၀)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ရခိုင်ဒေသထွက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုစာအုပ် အမျိုးပေါင်း(၁၀၀)ခန့်အား ပြသရောင်းချထားပြီး မယူကမ်းဒေသ၏ သမိုင်းဝင်ဘုရားစေတီများနှင့် သဘာဝရှုခင်း ဓါတ်ပုံများပြသထားသည်။


မေယုရင်ငွိ့လူမှုကူညီရေးအသင်းသည် ၂၀၁၇ခု၊ ဩဂုတ်လတွင် စတင်ပေါ်ပေါက်လာခဲ့ပြီး‌ ဒေသ၏ကျန်းမာရေး၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော အသင်းဖြစ်ကြောင်း မေယုရင်ငွိ့အသင်း၏ ဒုဥက္ကဋ္ဌ ဦးချမ်းငြိမ်းထံမှ သိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)