တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် စာပေစွမ်းအားဖြင့် တစ်တပ်တစ်အား ပါဝင်သွားကြရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် စာပေစွမ်းအားဖြင့် တစ်တပ်တစ်အား ပါဝင်သွားကြရန်လိုအပ်



MNP - ဒီဇင်ဘာ ၂၅

လူငယ်များ ဉာဏ်ပညာထက်မြက်ရေးနှင့် မိမိနိုင်ငံ၏အကျိုးကို သယ်ပိုးလိုသော စိတ်ဓာတ်များ တိုးပွားနိုးကြားစေရေးအတွက် စာရေးဆရာအသင်းများမှ လှုံ့ဆော်၊ အားပေး၊ တိုက်တွန်းရန်၊ စာပေကလောင်သွားဖြင့် လမ်းမှန်ကိုပြသပေးနိုင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြရန် လူငယ်များကို တိုက်တွန်းလိုကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေး၌ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က အသံ Message ပေးပို့ ပြောကြားခဲ့သည်။


အဆိုပါ မြို့နယ်စာရေးဆရာ အသင်း၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို အစီအစဉ် (၁၁) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း သဘာပတိစာရေးဆရာ မောင်လွှမ်းဝေ (တောင်တွင်း)နှင့် မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဆရာမ ဒေါ်လှလှကြည် (ကြည်ကြည် မြင့်မြတ်) တို့က အဖွင့်အမှာစကားများ ပြောကြားကာ အသင်းအတွက် အလှူငွေများ ပေးအပ်ခြင်း၊ စာအုပ်များ လှူဒါန်းခြင်း၊ တစ်နှစ်တာ ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းဖတ်ကြားခြင်းများ ဆောင်ရွက်ပြီး တက်ရောက်လာသော စာရေးဆရာအဖွဲ့ဝင် ၄၇ ဦးကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)