မိုင်းတုံခရိုင် မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှုများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံခရိုင် မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှုများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


MNP - ဒီဇင်ဘာ ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံ ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂နာရီ ၃၀မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


 ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်း‌ကျော်က ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ် လကုန်ရက်တိုင်း မိမိတို့လုပ်ငန်းဆောင်ရွက်ချက်အပေါ် အခက်အခဲရှိ/ မရှိ၊ ရှိခဲ့ပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဌာနဆိုင်ရာ ရုံးများတွင် ခရိုင်အဆင့်တိုးမြင့်ထားသည်မှာ လုပ်ငန်းဆောင်ရွက်သည့်အခါ  ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ပြီး လုပ်ငန်းများတိုးတက်အောင်မြင်စေရန်အတွက်ဖြစ်ကြောင်း၊ ယခုကာလတွင် ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက် စေလိုကြောင်း၊ ဒီဇင်ဘာလ ရောက်ပြီဖြစ်သည့်အတွက် အပတ်စဉ် စနေနေ့တိုင်း လမ်းလျှောက်ပွဲများ ကျင်းပသွားလိုကြောင်း၊ ဌာနအလိုက် မိမိတို့လုပ်ဆောင်နေမှုနှင့် လုပ်ငန်း‌ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြရန် အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှအေးကလည်းကောင်း၊ ခရိုင်ဒုတိယအုပ်ချုပ်‌ရေးမှူး ဦးသိန်းဇော်ဝင်းကလည်း‌ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။


သတင်း - ဝင်းဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)