ကျောက်မဲမြို့တွင် ခရိုင်အဆင့် အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့တွင် ခရိုင်အဆင့် အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ


MNP   -   ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်အားကစားကွင်းတွင် ပညာရေးဌာနမှကြီးမှူး၍ ‌ခရိုင် အဆင့် ကျား/မ ဘောလုံးပြိုင်ပွဲ လူရွေးပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ လူရွေးပွဲသို့ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီး‌ကော်မတီဥက္ကဌ ဦးအောင် မြင့်ဦးနှင့် တာဝန်ရှိသူများ  တက်ရောက်ကြည့်ရှူအားပေးပြီး အားကစားအသင်းများအတွက် ငွေကျပ် ၁ သိန်း ၇သောင်းကျော် တန်ဖိုးရှိ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အစရှိသည့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲ လူရွေးပွဲကို ကျောက်မဲ၊ သီပေါ၊ နောင်ချို မြို့များမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ အဆိုပါအသင်းများထဲမှ  အကောင်းဆုံးကစားသမားများကို ရွေးချယ်၍ ကျောက်မဲခရိုင်ကိုယ်စားပြု အသင်းတစ်သင်း ဖွဲ့စည်းပြီး ထိုအသင်းကို ဇန်နဝါရီလ ၁ ရက်နေ့တွင် တောင်ကြီးမြို့၌ကျင်းပမည့် ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်‌ရောက် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။အလားတူ ခရိုင်အဆင့် ဘော်လီဘော ကျား/မ ပြိုင်ပွဲ၊ ခရိုင်အဆင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ


တို့ကိုလည်း ကျောက်မဲမြို့ မိုးလုံလေလုံအားကစားရုံနှင့် (၆)ရပ်ကွက် ပိုက်ကျော်ခြင်းကွင်းတို့တွင် ကျင်းပလျက်ရှိပြီး အဆိုပါ ပြိုင်ပွဲများမှ ထူးချွန်အားကစားများကို ရွေးချယ်ပြီး ကျောက်မဲခရိုင် ကိုယ်စားပြု အသင်းများဖွဲ့စည်း၍ ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်‌ရောက် ယှဉ်ပြိုင်စေမည်ဖြစ် ကြောင်း သိရသည်။


မိုင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)