မိုင်းဖြတ်၌ လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်၌ လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ





MNP  -  ဒီဇင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ (Cross Check) ပြုလုပ်ခြင်းမှာရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးက ရွေးကောက်ပွဲကျင်းပဆောင်ရွက်နိုင်ရေး၊ ဥပဒေနှင့်အညီ နေထိုင်သူများအနက် မှတ်ပုံတင်ပြည့်စုံသူများ (Cross Check) ပြုလုပ်ခြင်းမှရရှိသည့် လူဦးရေစာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အမည်အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများဆိုင်ရာများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့သည်။ ထိုနောက် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်များမှ တာဝန်ရှိသူများက  မြို့နယ်အလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)