တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဒီဇင်ဘာ ၁၇


တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ နှင့်ကော့သောင်းခရိုင်/ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက Server အတွင်း e-ID Software ဖြင့်ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ၍ လူဦးရေစာရင်းမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများအနေဖြင့် စာရင်းကောက်ရန်သတ်မှတ်ရက်အတွင်း လုပ်ငန်းများပြီး စီးစေရန်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ စာရင်းကောက်ယူမှုလုပ်ငန်းများကို သင်တန်းများပို့ချပေးပြီး သတ်မှတ်ချိန်အတွင်း အမြန်ဆုံးဆောင်ရွက်ကြရေးတိုက်တွန်းပြောကြားသည်။


ယင်းနောက် ကော့သောင်းခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် ကော့သောင်းမြို့နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူး ဦးမြတ်ဇော်မင်းတို့က ခရိုင်နှင့်မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှု လုပ်ငန်းအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်း တင်ပြပြီးတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ စာရင်းကောက်ယူမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ ရှင်းလင်းတင်ပြမှုအပေါ် တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ၊လူမှုရေးဝန်ကြီးမှ လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အနေဖြင့်တိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းမှန်ကန်စေရေး ကွင်းဆင်းစာရင်းကောက်ယူမှုလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့်မြို့နယ်များအလိုက် စာရင်းကောက်အင်အား (၃၇၈၅)ဦးဖြင့် စာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖွဲ့စည်းကာ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ အတွင်း တစ်ပြိုင်နက်တည်းကွင်းဆင်း ဆောင်ရွက်ကြမည်ဖြစ်သည်။


ဆက်လက်၍ အစည်းအဝေးအပြီးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့မဆိပ်ကမ်းတံတားသို့ သွားရောက်ကာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား တွေ့ဆုံမှာကြား အားပေးစကား ပြောဆိုခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)