(၈၅)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၈၅)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ


MNP  -  ဒီဇင်ဘာ ၂၂

ကရင်သက္ကရာဇ်-၁၇၆၂ ခုနှစ်၊ (၈၅)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ဒိုင်းကျေးရွာ စိတ္တရူပကျောင်းဝင်းတွင် ယနေ့ (၉)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ကရင်အမျိုးသားအဖွဲ့မှ သဘာပတိ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ အကြီးအကဲများ ပြည်သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ကရင်အမျိုးသားသီချင်းဖြင့် သီဆိုခဲ့ကြကာ သဘာပတိကြီး စောအေးမင်းက အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်ရင်းသားရေးရာ ဝန်ကြီးမှ ပေးပို့သော ကရင်အမျိုးသားနေ့ သဝဏ်လွှာကို ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်မင်းသန်းက ဖတ်ကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာကို ချောင်းဆုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် စောဟိန်းဝင်းထက်က ဖတ်ကြားကာ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပါ်လာပုံအကြောင်းကို ကရင်တိုင်းရင်းသူ နော်ခင်နှင်းဝေက ဖတ်ကြားပြီး ကရင်စာပေယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ စောလှရှိန်က ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် သက်ကြီးဘိုးဘွားများအား အပူဇော်ခံဂုဏ်ပြုခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူ (၂၅)ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ ထို့နောက်ကရင်ရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)