ဘီးလင်းမြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်လှစ်





MNP  -   ဒီဇင်ဘာ ၂၇

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်း ကောက်သင်တန်းဖွင့်ပွဲအခမ်းကို ယနေ့ နံနက် ၉ နာရီက ဘီးလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။


    ရှေးဦးစွာ ဘီးလင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


  ထို့နောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းကိုဖွင့်လှစ် ခဲ့ရာ ဘီးလင်းမြို့နယ်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းများ ၊ရပ်ကွက်/‌ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၂၀၁)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ် လဝက ဦးစီးမှူး ဦးစောဝင်းကြည်နှင့်ဝန်ထမ်းများ၊မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်း တို့ကဘာသာရပ်  ၇ ခု အား တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


 ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)