ပဲခူးတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ






MNP - ဒီဇင်ဘာ ၃၀

ပဲခူးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို “မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာအေးအေးခိုင်က     ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သင်ကြား/ စီမံခန့်ခွဲရေးဆိုင်ရာ အရာရှိများနှင့် မိတ်ဆက်ပေးကာ ပဲခူးတက္ကသိုလ် ဝိဇ္ဇာဘာသာရပ်များကိုယ်စား ပါမောက္ခဌာနမှူးမှ လည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ပါမောက္ခဌာနမှူးမှလည်းကောင်း ဘာသာရပ်အလိုက်    သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။     ယင်းနောက် ဝိဇ္ဇာဘာသာရပ်များကိုယ်စား၊ ပထမနှစ်ကျောင်းသားတစ်ဦးမှလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးမှလည်းကောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သင်ကြား/ စီမံခန့်ခွဲရေးဆိုင်ရာအရာရှိများ၊ ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပြီး ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်တွင် ဝိဇ္ဇာဘာသာတွဲ၌ ကျောင်းသား/ ကျောင်းသူ (၂၆၅)ဦး၊ သိပ္ပံဘာသာတွဲ၌ ကျောင်းသား/ ကျောင်းသူ(၅၅၀)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၈၁၅)ဦး တက်ရောက်ပညာသင်ကြားကြကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)