ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကျင်းပ




MNP -  ဒီဇင်ဘာ ၂၅

ကိုယ်လက်ကြံ့ခိုင်ရေး အားကစားလှုပ်ရှားခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းမှသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။


လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သူနာပြု သင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များရှိ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၃၂၅၅ ဦးခန့်သည် သီရိလမ်း၊ ယဉ်ကျေးမှု ပြတိုက်လမ်း၊ ကန်သာယာ ကန်ပတ်လမ်း၊ ချစ်သူလမ်းကြား၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်း၊ ထိုမှတစ်ဆင့် သီရိလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း ဝင်ရောက်ကာ အကြောလျှော့လေ့ကျင်းခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ အားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ယှဉ်နွှဲသူများ အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ  နံနက်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။


အလားတူ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသက်(၁၈)နှစ် အောက် အမျိုးသား၊ အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရီကွင်းရှေ့၌ ကျင်းပရာ အမျိုးသား ၁၆၉ ဦးနှင့် အမျိုးသမီး ၅၆ ဦး စုစုပေါင်းအားကစားသမား ၂၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။


မြို့ပတ်တာဝေးအပြေးပြိုင်ပွဲမှ အမျိုးသား၊ အမျိုးသမီးအားကစားသမားများသည် ဘားအံမြို့၊ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ သိမ်တော်ကြီးလမ်း၊ အထက(၄)ကျောင်းလမ်း၊ မှတစ်ဆင့် သီရိလမ်းအတိုင်း အကွာအဝေး ၁၀ ကီလိုမီတာ မိုင်အားဖြင့် ၅ မိုင်ခန့်အား အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး သီရိကွင်းရှေ့၌ ပြန်လည်ပန်းဝင်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အမျိုးသမီးမြို့ပတ်တာဝေးအပြေးပြိုင်ပွဲ နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်းက အထူးဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းဘေဘီမြင့်က ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ငွေသားဆုနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးဦးညွန့်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အမျိုးသားမြို့ပတ်တာဝေး အပြေးပြိုင်ပွဲနှစ်သိမ့်ဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အထူးဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ယနေ့ကျင်းပ သည့် မြို့ပတ်တာဝေး အပြေးပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး ဆုပေါင်း ၈၀ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)