သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေး


MNP  -  ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့သည် ဂုံမင်းကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဆောင် Steel Structures (၁)ထပ် ကျောင်းဆောင် (၁၂၀ ပေ×၃၀ ပေ)အား ကျော်ဝင့်ထည်ကုမ္ပဏီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေ (၁၄၀.၄၀)သန်းတွင် ရန်ပုံငွေရရှိငွေ (၁၀၅.၃၀)သန်းဖြင့် တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ အလေအလွင့်မရှိစေရေးတို့ကို ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းဆောင်ဆောက်လုပ်ရေး ကော်မတီဝင်များ၊ ကျောင်းတာဝန်ခံတို့နှင့် တွေ့ဆုံမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)