(၇၅)နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အလွတ်တန်း ဖူဆယ် (ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်‌မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) အလွတ်တန်း ဖူဆယ် (ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ကျင်းပ


MNP   -    ဒီဇင်ဘာ ၁၉

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပ ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဖူဆယ်(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးသိုင်း‌ချောင်းမြို့ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


ဖွင့်ပွဲ၌ ဘောလုံးအားကစားသမားများက သစ္စာဓိဌာန်လေးချက်အား‌ ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အဖွင့်အမှာစကားပြောကြားကာ အားကစားကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များကို အသိပေးပြောကြားခဲ့ပါသည်။


ထို့နောက် ပြိုင်ပွဲဝင်ဘောလုံးသမားများက ကြွရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးပွဲကြီးကြပ်မှု‌ ကော်မတီအဖွဲ့ဝင်များအား အသင်းအလိုက်ဂုဏ်ပြုကျကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။


အလွတ်တန်း ဖူဆယ်(ဂိုးလတ်)ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအသင်း (၃၃)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း (ဖူဆယ်)ဘောလုံးပြိုင်ပွဲများကို ယနေ့မှစ၍ ပြည်သူများပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက် ရှိကြောင်းသိရှိရပါသည်။


ကျော်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)