သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်း ကျင်းပ



MNP -   ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်မှ “စွန်လိုက်တဲ့ပွဲနှင့် မုန်လာဉဝါ၊  ကြက်ဉနဲ့ ကော်ဖီနဲ့ ဘဝအမြင်”ဆောင်းပါး(၂)ပုဒ်ကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆေွက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ အပတ်စဉ် စာဖတ်ဝိုင်း များဆောင်ရွက်ရာတွင် လူငယ်လူရွယ်များ စာရိတ္တမြင့်မားစေရေးအတွက် ဆွေးနွေးနိုင်မည့် ရသစာပေများကို ရွေးချယ်ဆွေးနွေးလျက်ရှိရာ ယခုတစ်ပတ် ဆွေးနွေးသည့် စာ(၂)ပုဒ်မှာ လူကြီလူငယ်မရွေး အတွေးအခေါ် မြင့်မာလာစေပြီး ဘဝတွင် လောကဓံတရားနှင့်ရင်ဆိုင်ရသည့်အခါ ဖြေရှင်းနိုင်သည့် စိတ်ဓါတ်များရရှိစေရန် ရည်ရွယ် ဆွေးနွေးခဲ့ပြီး Book Club (ဉက္ကဋ္ဌ) ဦးအောင်ကျော်စိုးက လောကတွင် စွန်လွှတ်သူနှင့် စွန်လိုက်သူများ၏ အတွေးအမြင်များအကြောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် ကဗျာဆရာမောင်မင်းသိမ်း(သရက်)က မုန်လာဉဝါ၊ ကြက်ဉနဲ့ကော်ဖီနဲ့ ဘဝအမြင်ကို စာရေးသူက အဆုံးသတ်တွက် “တို့တတွေအားလုံး ကော်ဖီဖြစ်ရင် အကောင်းဆုံးပါပဲဟု ဆိုသော်လည်း အခြေအနေအချိန်အခါအရ ကြက်ဉဖြစ်သင့်လျှင်ဖြစ်ရမည်၊ မုန်လာဉဝါဖြစ်သင့် ဖြစ်ရမည်ဟု” မိမိတွေးထင်မိကြောင်း ဆွေး‌နွေးကာ Book Club (အဖွဲ့ဝင်)များ ဖြစ်ကြသည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်အေးအေးရီက၊ ဒေါ်မြို့ယဉ်၊ ဒေါ်အေးအေးစန်းတို့က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်မှ “စွန်လိုက်တဲ့ပွဲနှင့် မုန်လာဉဝါ၊  ကြက်ဉနဲ့ကော်ဖီနဲ့ဘဝအမြင်” ဆောင်းပါး (၂)ပုဒ်သည် လောကဓံတရားနှင့် ရင်ဆိုင်ရသည့်အခါ ကြံ့ကြံ့ခိုင်နိုင်သည့် စိတ်ဓါတ်ရရှိစေရန် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)