ရွှေတောင်မြို့နယ် အတွင်း အချိန်စေ့လွန်ချေးငွေ၊အချိန်စေ့ကြွေးကျန်များနှင့်ပတ်သက်၍တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အတွင်း အချိန်စေ့လွန်ချေးငွေ၊အချိန်စေ့ကြွေးကျန်များနှင့်ပတ်သက်၍တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -  ဒီဇင်ဘာ ၂၁

        ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ပိုင်းအချိန်စေ့လွန်ချေးငွေ၊ အချိန်စေ့ကြွေးကျန်များနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်အစည်းအဝေး ကျင်းပခဲ့သည်။

        အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် ၊တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက မြို့နယ်ချေးငွေ အကြံပေးအဖွဲ့နှင့် ရွှေတောင်မြို့နယ် အတွင်း အချိန်စေ့လွန်ချေးငွေ၊ အချိန်စေ့ကြွေးကျန်များနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများကိုညှိနှိုင်းဆွေးနွေးမေးမြန်ရာ မြို့နယ် ချေးငွေအကြံပေးရေးအဖွဲ့ဝင်များ၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှိဝန်ထမ်းများကဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ချေးငွေ အကြံပေးရေးအဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှိဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)