ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်

MNP   -    ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောမှ ဓါတ်ပုံ-ဗွီဒီယိုရိုက်ကူးတည်းဖြတ် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ရည်ရွယ်ချက်နှင့် မိမိတို့ဌာနရှိ ဝန်ထမ်းများအနေဖြင့် ဓါတ်ပုံပညာကို တက်မြောက်ထားကြရန်လိုအပ်ပါကြောင်း၊ သင်တန်းတွင်းပို့ချမည့်အတတ်ပညာများကို စိတ်ဝင်တစားဖြင့် လေ့လာကြရန်ပြောကြားခဲ့သည်။ ထို့နောက် ဦးဌေးလှိုင်(ဓါတ်ပုံ-၂)မှ ဓါတ်ပုံရိုက်ကူးခြင်း အခြေခံနည်းများ၊ အလင်းအမှောင်နှင့်အယူအဆ၊ အတွေးစိတ်ကူးများဖြင့် ဓါတ်ပုံကောင်းတစ်ပုံရရှိအောင်ဖန်တည်းခြင်းများအပြင် ဗွီဒီယိုရိုက်ကူးရာတွင် မိမိတို့စိတ်၊ ကိုယ်ခန္ဓာ၊ လက်ကိုငြိမ်အောင်ထားဖို့လိုကြောင်း ပတ်ဝန်းကျင်အလင်းအမှောင်အနေအထား မိမိရိုက်ကူးနေသောအခမ်းအနားနေရာများရဲ့ အနေအထားများကို အလိုက်သင့်ဖြစ်နေစေရန် အရေးကြီးပါကြောင်း၊ လက်ငြိမ်မှသာလျှင် ဗွီဒီယိုရိုက်ကူးရာတွင် ကြည်လင်ပြတ်သားပြီး ကောင်းမွန်သောဗွီဒီယိုတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယနေ့ပို့ချခဲ့သော သင်တန်းတွင် ဓါတ်ပုံ-ဗွီဒီယိုရိုက်ကူးနည်းအပြင် ပုံကောင်းတစ်ပုံ၊ ဗွီဒီယိုကောင်းတစ်ခုရရှိနိုင်မည့် တည်းဖြတ်ခြင်းပညာများကိုပါသင်ကြားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)