ကျောက်တော်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ လူငယ်စကားဝိုင်းကျင်းပ





MNP -   ဒီဇင်ဘာ ၂၅

 လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ကျောက်တော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသိပ္ပံကျောင်း (ကျောက်တော်)တို့ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့နံနက်(၁ဝ)နာရီအချိန်က ရတနာကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ကျောက်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ကျောင်းသူ များသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊အချင်းချင်းရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်၊စဉ်စားတွေးခေါ်မှုမြင့်မားလာစေရန်၊လိမ္မာယဉ်ကျေးစွာပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းလေးများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ် ပါကြောင်းပြောကြားသည်။


   ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းက ဦးဆောင်ဆွေးနွေးမည့် ကျောင်းသား၊ကျောင်းသူများနှင့်မိတ်ဆက်ပေးသည်။ထို့နောက် ဒုတိယနှစ်(အကြီးတန်း)မောင်ကောင်းမြတ်စိုးက အနာဂတ်က မင်းကိုယ်တိုင်၊ဒုတိယနှစ်(အကြီးတန်း) မသီရိလှိုင်က စိတ်ဓာတ်ခွန်အားနှင့် ဘဝအောင်မြင်ရေးအတွက်အစီအစဉ်၊ ပထမနှစ် မောင်စိုးဝင်းချေက ဉာဏ်ပညာမရှိသောနိုင်ငံ ကျွန်နိုင်ငံ၊ ပထမနှစ် မဆွေငြိမ်းခိုင်က စိတ်ထားအလှ၊ ဒုတိယနှစ်(အငယ်တန်း)မောင်ဇော်မင်းဌေးက လူငယ်နှင့် အောင်မြင်သော စိုက်ပျိုးရေး၊ဒုတိယနှစ်(အငယ်တန်း) မဝင်းဝင်းခိုင်က လူ့တန်ဖိုး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။

 ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြ

သည်။


 အဆိုပါဆွေးနွေးပွဲသို့စိုက်ပျိုးရေးသိပ္ပံကျောင်း(ကျောက်တော်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ( ၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသိရသည်။


  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)