(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသင်းလိုက် ဖိတ်ခေါ်တာဝေးစက်ဘီးစီးသမားများအား ဆုပေးပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသင်းလိုက် ဖိတ်ခေါ်တာဝေးစက်ဘီးစီးသမားများအား ဆုပေးပွဲ အခမ်းအနား ကျင်းပ

101

102

103


MNP  -   ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေဟိန်းထက်ကုမ္ပဏီ၊ Sea&Lake Garden အပန်းဖြေဥယျာဉ်တွင် ယ‌နေ့နံနက်(၉)နာရီ(၄၀)က မြန်မာနိုင်ငံ စက်ဘီအဖွဲ့ချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံမောင်းတိန်းနှင့် ပြိုင်ဘီးအသင်းလိုက် ဖိတ်ခေါ်တာ ဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ကျင်းပသည်။


ဆုပေးပွဲ အခမ်းအနားတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီရှိ တာဝန်ရှိသူများမှ ဆုရအားကစားသမားများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆု၊ နှစ်သိမ့်ဆုစသည်ဖြင့် ဆုများကို ချီးမြှင့်ခဲ့သည်။


အဆိုပါ မောင်တိန်းနှင့် ပြိုင်ဘီးအသင်းလိုက် ဖိတ်ခေါ်တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးစီးအသင်း(၉)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၄၀)မှပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံစသည်ဖြင့် တာဝေးစက်ဘီစီးကာယှဉ်ပြိုင်ခဲ့ကြပြီး ရွှေသောင်ယံမြို့မှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ Sea & Lake Gardenမှတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages