မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သမိုင်းဝင် ရတနာမဉ္ဇူ ဆုတောင်းပြည့် မာရ်အောင်မြင် စေတီတော်မြတ် စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သမိုင်းဝင် ရတနာမဉ္ဇူ ဆုတောင်းပြည့် မာရ်အောင်မြင် စေတီတော်မြတ် စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

 


MNP - ဒီဇင်ဘာ ၈


ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတောင်ခြေအနီး၊ ဇေတဝန်ရပ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရတနာမဉ္ဇူ ဆုတောင်းပြည့်မာရ်အောင်မြင်စေတီတော် စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ဇေတဝန်ရပ်၊ သမိုင်းဝင်ရတနာမဉ္ဇူဆုတောင်းပြည့် မာရ်အောင်မြင်စေတီတော်မြတ်ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သပ်များ တက်ရောက်သည်။


ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဓမ္မဗိမာန်ဆရာတော်ဘဒ္ဒန္တသူရိယထံ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စိန်ဖူးတော်၊ ရွှေထီးတော်တို့ကိုပင့်ဆောင်၍ ဆရာတော်ကြီးများမှ ဦးစီးအမှူးပြုကာ စေတီတော်မြတ်ပေါ်သို့ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)