(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ​ချောက်​မြို့၌ ကလေးများအဝအလှပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ​ချောက်​မြို့၌ ကလေးများအဝအလှပြိုင်ပွဲကျင်းပ



MNP -  ဒီဇင်ဘာ ၂၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်​ရေးအသင်းမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးများအဝအလှပြိုင်ပွဲကို ယမန်နေ့နံနက်၉နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်​ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


​ပြိုင်ပွဲတွင်မွေးကင်းစ (၃)လမှ အသက်(၁)နှစ်အောက် ကလေးများအား ကိုယ်အ​လေးချိန်၊ အရပ်၊ က​လေးကျန်းမာမှု၊ ကာကွယ်​ဆေးထိုးနှံပြီးစီးမှု၊ ကိုယ်​ရေပြားသန့်ရှင်းမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကိုယ်အ​လေးချိန်ကဒ်ပြားထားရှိမှု စံသတ်မှတ်ချက်များဖြင့်  သတ်မှတ်စံချိန်ထက်​ကျော်လွန်သော က​လေးငယ်များအား အဝအလှ ပထမ၊ ဒုတိယ၊ တတိယ ဆုများရွေးချယ်​​၍ ဆုများချီး​မြှင့်သွားမည်​ဖြစ်​ပြီး လာ​ရောက်ယှဉ်ပြိုင်သည့် ကလေးငယ်များအားလုံးကို နှစ်သိမ့်ဆု အဖြစ်အမှတ်တရလက်​ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ ယှဉ်ပြိုင်သူကလေးငယ် (၄၃)ဦးရှိကြောင်းသိရသည်။


မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းမှ မွေးကင်းစ(၃)လမှ အသက်(၁)နှစ်အောက် ကလေးများအဝအလှပြိုင်ပွဲကို ဒီဇင်ဘာ (၂၇) ရက်​နေ့မှဒီဇင်ဘာ (၂၈)ရက်​နေ့ထိ(၂)ရက်တာ ကျင်းပခဲ့​ပြီး ​ပြိုင်ပွဲတွင် ဆုရရှိသူများကို (၇၅)နှစ်​မြောက်စိန်ရတုလွတ်လပ်​ရေး​နေ့နံနက်ပိုင်းတွင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်​ရေးအသင်းရုံး၌ ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်​ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)