တပ်မတော် သည် နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲ လိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင် ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော် သည် နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲ လိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင် ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း ပြောကြား





MNP ၊ ဒီဇင်ဘာ ၂၈

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်းတည်ရှိ နေကြောင်း၊ နိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးကာလ နှင့် ပါတီစုံဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့် ကြုံတွေ့ခဲ့ရပြီး တပ်မတော် သည်လည်း နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲ လိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင် ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် ကဏ္ဍသည် ကျယ်ပြန့်လာသည့်အပြင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးပညာရှင် များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်များတွင် အမျိုးသမီးများ၏ စစ်မှုထမ်းဆောင်ခြင်း အခန်းကဏ္ဍသည် များပြားလာပြီး အခန်း ကဏ္ဍအလိုက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။


တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘွဲ့ရအမျိုးသမီးအရာရှိ များကို ယခုအမှတ်စဉ်(၉)အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် မကြာမီ လက်တွေ့နယ်ပယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်ရတော့မှာဖြစ်သည့်အတွက် တပ်မတော်၏မွန်မြတ်သည့် အစဉ် အလာကောင်းများ၊ သိသင့်သိထိုက်သည်များကို အလေးအနက်ထား မှာကြားလိုကြောင်း၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ “ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် အမျိုးသမီး စစ်မှုထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိကြောင်း။


နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး မရွေး မဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူ ရင်ဘောင်တန်း ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထား လေ့ကျင့်ပေးလျက်ရှိကြောင်း။


 နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်းတည်ရှိ နေကြောင်း၊ နိုင်ငံသည်လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးကာလ နှင့် ပါတီစုံဒီမိုကရေစီစနစ်ကာလများကို ဆူကြုံနိမ့်မြင့် ကြုံတွေ့ခဲ့ရပြီး တပ်မတော် သည်လည်း နိုင်ငံတော်၏ အမျိုးသားရေးကိစ္စရပ်တိုင်းတွင် နိုင်ငံတော်နှင့်အတူ ယှဉ်တွဲ လိုက်ပါပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင် ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုသည် တပ်မတော်၏ သမိုင်းကြောင်းနှင့်အတူ ပါရှိလာ ခဲ့သည့် အစဉ်အလာ ကောင်းများပင်ဖြစ်ကြောင်း။


တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလဖြစ်သည့် BIA၊ BDA ခေတ် တွင် လွတ်လပ်ရေးသည် ပထမ၊  လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ မှအစပြုပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် မူဝါဒ များအထိ နိုင်ငံ့အရေးမှန်သမျှကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမူဝါဒများကို ပြန်ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက် တွင် ဖြစ်တည်ခဲ့သည့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို မူဝါဒများ အဆင့်ဆင့် ပြောင်းလဲချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။


လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံ့အရေးအတွက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက် ၂ ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး စသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်တို့ကို အားကြိုးမာန်တက် အကောင်အထည် ဖော်လျက်ရှိကြောင်း။


တပ်မတော်သား အမျိုးသမီးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်တော့မည့် သူများဖြစ်၍ နိုင်ငံတော်၏သမိုင်း၊ တပ်မတော်၏ သမိုင်းကြောင်းများကို အသေးစိတ် သိရှိအောင် လေ့လာထားကြရန်လိုအပ်ကြောင်း၊  သို့မှသာ တပ်မတော်၏ အစဉ်အလာ ကောင်းသည့်သမိုင်းကြောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပြီး ကောင်းမွန် သည့် သမိုင်းကြောင်းများ ကမ္ပည်းတင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်သွားကြရန် လိုကြောင်း။


မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက  လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့် စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ၁၉၅၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့ဝင်များမှ အမျိုးသမီး အရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)