အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေး






MNP  -   ဒီဇင်ဘာ ၂၆

          ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အ တွက် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများတွေ့ ဆုံပွဲကို အမ်းတောင်အုပ်စု  အမ်းရိုးမရှိ ဆင်ဂုံတိုင် ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဒီဇင်ဘာ ၂၆ ရက် နေ့လည်အချိန်တွင်ကျင်းပခဲ့ကြောင်းသိရသည်။


        တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့်မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းမှန်ကန်စေရေး ဆိုင်ကယ်စီးနင်းသူများဆိုင်ကယ်စီးဦးထုတ်ဆောင်း၍စနစ်တကျစီးနင်းရေးကျန်းမာရေး၊ ပညာ ရေး၊ လျပ်စစ်မီးများအသုံးပြုနိုင်ရေးနှင့်ဒေသဖွံ့ ဖြိုးရေး စသည့်လုပ်ငန်းကိစ္စရပ်အသီးသီးကို သက် ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။


        ထို့နောက် တက်ရောက်လာကြသူများကလမ်း၊ တံတားကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး ကျန်းမာ ရေး ဝန်ထမ်း တိုးချထားပေးနိုင်ရေးနှင့်ကျောင်းဆောင်သစ်ရရှိရေး စိုက်ပျိုးရေးမွေးမြူရေးနည်းပညာများဖြန့်ဝေပေးနိုင်ရေးတို့အတွက် ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာန အလိုက် ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။


    ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဆိုင်ရာများရပ်မိရပ်ဖများအဖွဲ့သည်ဆင်ဂုံတိုင်ကျေးရွာ၌၂၀၁၆ ခုနှစ် (CCD)ကျေးလက်ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် တစ်ပိုင်တနိုင်ကျေးရွာသုံး ၂၅ ကီလိုဝပ် လျပ်စစ်မီး ဖြန့်ဝေထားရှိမှုအခြေ အနေနှင့် ပတ်ကွေ့ကျေးရွာရှိ၂၀၂၂ ခုှစ်( VDP) ငွေကျပ်သိန်း ၁၀၀ ဖြင့်ရေအားလျပ်စစ်ဖြင့်မီးဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှုအားစစ်ဆေးကြည့်ရှုကာလိုအပ်ချက်များအားပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)