နမ္မတူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နမ္မတူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ


47


MNP -  ဒီဇင်ဘာ  ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို အမှတ် (၉)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့သည်။


ရှေ့ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒေါ်စိုးစန္ဒာဝိုင်းက လွတ်လပ် ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနှင့်  အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့်အကြောင်းအရာများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ပြသခဲ့ရာ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


လူမော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages