မအိမြို့တွင် ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ ရှာဖွေရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအိမြို့တွင် ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ ရှာဖွေရောင်းချသူများ အဆင်ပြေ





MNP ၊  ဒီဇင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များမှာ ယခင်နှစ်များထက်ဈေးကောင်းရရှိသဖြင့် ရှာဖွေရောင်းချသူများနှင့် ဝယ်ယူသူများအကြား အဆင်ပြေအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။


မအီဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များကို အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ဝယ်ယူကြပြီး မအီမြို့နဲ့ နီးစရာ တောင်ကုတ်မြို့၊ အမ်းမြို့နှင့် တပ်တောင်မြို့သို့ ပို့ဆောင်တင်သွင်းကြသည်။ ထိုမှတဆင့် စုပေါင်းပြီး မျိုးစိပ်ခွဲ၍ မန္တလေး၊ ရန်ကုန် မြို့ကြီးများသို့ တင်ပို့ကြကြောင်း မအီမြို့၊ အမှတ်(၄)ရပ်ကွက်မှ သစ်ခွမျိုးစိပ်များ ဝယ်ယူသူကိုဝင်းလွင်က ပြောကြားသည်။ " တောတွင်းသစ်ခွမျိုးစိပ်တွေက အမျိုးအစားအလိုက် ဈေးနှုန်းကလည်း ကွာခြားရမှုရှိပါတယ်။ တောတွင်းသစ်ခွတွေဖြစ်တဲ့ ဇလပ်ဖြူ၊ ဖယောင်းပန်း၊ မိုးသဇင်၊ ရွှေတူ/ငွေတူ၊ တော်ဝင်သဇင်နှင့် ပန်းလက်တံတို့ကို ကျွန်တော်က ပိဿာချိန်၍ ကုန်ကြမ်းအနေဖြင့် ဝယ်ယူတာဖြစ်ပါတယ်။ ဒီနှစ်ဝယ်ရတာက ယခင်နှစ်များထက် ဈေးပိုပေးရတော့ ရှာဖွေရောင်းချရသူတွေအတွက် အဆင်ပြေတွက်ခြေကိုက်တာပေါ့ " ဟု ကိုဝင်းလွင်က ပြောကြားသည်။ တော်ဝင်သဇင် တစ်ပိဿာလျှင်(ကျပ်တစ်သိန်းရှစ်သောင်း) ၁၈၀၀၀၀ ကျပ်၊ ဇလပ်ဖြူ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ဖယောင်းပန်းတစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ မိုးသဇင် ၁၅၀၀ ကျပ်၊ ရွှေတူ/ငွေတူ ၃၀၀၀ ကျပ်နှင့် ပန်းလက်တံတစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း ၎င်းက ပြောကြားသည်။


ဖော်ပြပါ တောတွင်းသစ်ခွမျိုးစိပ်များတွင် တော်ဝင်သဇင်မှာ ရှားပါးပြီး ဈေးကောင်းရရှိကြောင်း၊ ပိဿာချိန်ဈေးဖြင့် ကုန်ကြမ်းဝယ်ယူခြင်းများကို အောက်တိုဘာလဆန်းပိုင်းမှ ဒီဇင်ဘာလဆန်းပိုင်းအထိ ၂ လကျော်ခန့်အကြာ ဝယ်ယူရပါကြောင်း၊ ယခုအချိန်တွင် ပန်းများပွင့်ချိန်ဖြစ်၍ မွေးမြူစုဆောင်းဝယ်ယူသည့် သစ်ခွဒိုင်များအနေဖြင့် မျိုးစိပ်ခွဲခြင်း၊ ပန်းလက်တံများကို ပေါင်းခံခြင်း စသည့်အချောကိုင်လုပ်ငန်းများကို လုပ်ဆောင်နေကြချိန်ဖြစ်၍ ကုန်ကြမ်းဝယ်ယူခြင်းများကို နားထားရပါကြောင်း၊ ကုန်ကြမ်းဝယ်ယူချိန်တွင် တောင်ကုတ်မြို့၊ တပ်တောင်မြို့များသို့ တစ်ကြိမ်ပို့လျှင် ပိဿာ(၅၀)မှ (၆၀)အတွင်း တစ်လလျှင် (၃)ကြိမ် ပိုဆောင်တင်သွင်းရသည့်အတွက် တစ်လကို ပိဿာ (၂၀၀)ခန့်ရောင်းချရကြောင်းနှင့် တောတွင်းသစ်ခွများကို မအီဒေသနေ ရခိုင်တိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသားအများစုတို့က ရှာဖေရောင်းချကြပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကိုဝင်းလွင်က ဆက်လက်ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)