MNP ၊ ဒီဇင်ဘာ ၉
မအီမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်နှင့် အဖွဲဝန်ထမ်းများလိုက်ပါ၍ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်နေသည့် စည်ပင်သာယာရေးအဖွဲ့ ရုံးခြံဝင်းပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန် - ကျောက်ဖြူလမ်းတွင် ပလက်ဖောင်းပြုလုပ်ခြင်း၊ ထမိန်စိမ်းမတောင်ရှိ အမှိုက်ပစ်ကျင်းသွားလမ်း ကျောက်ချောခင်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း ကားဂိုဒေါင်ပြုလုပ်ခြင်း၊ ရန်ကုန် - ကျောက်ဖြူလမ်းနှင့် ချက်ဖောက်လမ်းဒေါင့် (ဈေးအနီး)တွင် မြေထိန်းနံရံပြုလုပ်၍ မြေယာရှုခင်းပြုလုပ်ခြင်း၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း RCC ရေစင်တည်ဆောက်ခြင်း စသည့် ဌာနမှဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအား သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ကိုက်ညီမှုရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်း (၆)ခုရှိပြီး ကုမ္ပဏီမှဆောင်ရွက်နေသည့် လုပ်ငန်း(၆)ခုရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးကို လာမည့် ဇန်နဝါရီ လကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံဦးစီးမှူး ဦးညီညီလွင်က ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment