ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ဘိန်းစိုက်ခင်း ၁၁ ဧကခန့် ဝိုင်းဝန်းဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ဘိန်းစိုက်ခင်း ၁၁ ဧကခန့် ဝိုင်းဝန်းဖျက်ဆီး




MNP - ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှုဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ပူးပေါင်းစစ်ကြောင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။


ထိုသို့ဖျက်ဆီးရာတွင် ကပစ(၁၄)မှ စစ်ကြောင်းမှူးဗိုလ်မှူးလင်းသန့်ဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်စောဦး ဦးစီးသော ပူးပေါင်းစစ်ကြောင်းအဖွဲ့(၁)သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက နောင်ကျေးရွာ၏ အနောက် မြောက်ဘက် တောင်ကမ်းပါးယံ၌ စိုက်ပျိုးထားသောအမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်း ၄ ဧကခန့်ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နောင်ကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော  ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၂ ပေ ဘိန်းသီးလုံးပတ် ၃ လက်မခန့်ရှိဘိန်းခင်း ၂ ဧကခန့်နှင့် ဘိန်းပင်သီးပွင့်ဆဲအမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၂ ဧကခန့်ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ထော်ဇာကျေးရွာ၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ ဇော်ဂျီတောင်ခြေတွင် စိုက်ပျိုးထားသော အမြင့် ၁ ပေခန့်ရှိ ဘိန်းခင်း ၂ ဧကခန့်ကိုလည်းကောင်း၊ ကပစ(၁၄)မှ စစ်ကြောင်းမှူးဗိုလ်မှူးအောင်သူဦးစီးသောအဖွဲ့နှင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းဦးစီးသော ပူးပေါင်းစစ်ကြောင်းအဖွဲ့(၂)သည် ယမန်နေ့နံနက်ပိုင်းတွင် ရေဖြူကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ တောင်စောင်းတွင်စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၃ ပေခန့်ရှိ ဘိန်းခင်း ၁ ဧကခန့်ကိုလည်းကောင်း စုစုပေါင်း ဘိန်းခင်း ၁၁ ဧကခန့်ကိုပူးပေါင်း၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်းနှင့် ဆက်လက်၍ ရှာဖွေဖျက်ဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)