ပြင်ဦးလွင် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ








MNP ၊ ဒီဇင်ဘာ ၁၉

အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ ၁၅ ကြိမ်မြောက် "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနား ကို (၁၈. ၁၂.၂၀၂၂) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဦးလွင်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ နှင့်အတူ နိုင်ငံကျော် Orchestra အဖွဲ့တို့မှ  တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး နေ့လည် (၂) နာရီ မှစတင်၍ နာမည်ကျော်တေးသံရှင်များမှ "ရှင်သန်အတူ လက်တွဲကူ" ပရဟိတ Music Concert တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည်။

"𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်တွင်  "ပန်းဥယျာဉ် ဈေးပွဲတော်" ၊ ပြင်ဦးလွင်ဒေသထွက်ကုန် ပြခင်းတို့ကို ထည့်သွင်းကျင်းပထားပြီး အရောင်အသွေးစုံပန်းများဖြင့် လှပဝေဆာနေသည့် ပန်းပွဲတော်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ တစ်လကြာ စုံလင်စွာခင်းကျင်း ပြသကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)