ပရီးမီးယားလိပ်ပွဲစဉ် ၁၇ တနင်္လာနေ့ည ပွဲစဉ်များအတွက် ပွဲကြို သုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၁၇ တနင်္လာနေ့ည ပွဲစဉ်များအတွက် ပွဲကြို သုံးသပ်ချက်




MNP - ဒီဇင်ဘာ  ၂၆ 


ပရီးမီးယားလိပ် ပွဲစဉ် အဖြစ် တနင်္လာနေ့(ယနေ့) မြန်မာစံတော်ချိန် ည  ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာနေ့ ပရီးမီယားလိပ်ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။


ခရစ္စတယ် ပဲလေ့စ် - ဖူဟမ် (ယနေ့ည ၉:၃၀)

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဖူဟမ်အသင်းတို့ဟာ ခရစ္စတယ် ပဲလေ့စ်အသင်း အိမ်ကွင်း မှာ ဆဲဟတ် ပတ်ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖူဟမ်အသင်းဟာ လက်ရှိရာသီမှာ ပိုမိုမာကျောအသင်းတစ်သင်း အနေနဲ့ တွေ့ရပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး မီထရိုဗစ် ဒဏ်ရာကင်းစင်နေပြီး ပါ၀င်လာနိုင်တာလည်း ဖြစ်ပါတယ်။ခရစ္စတယ် ပဲလေ့စ်အသင်းကတော့ နည်းပြ ဗီအဲရာ လက်ထက် ကောင်းမွန်တဲံ ကစားတစ်ခု နဲ့ အကောင်းရှေ့ဆက်နေတာဖြစ်ပါတယ်။ဒီနေ့ည ပွဲစဉ်မှာတော့ အိမ်ရှင် ပဲလေ့စ်အသင်းကဘဲ ၂ - ၁ ဖြင့် အနိုင်ရသွားမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


အဲဗာတန် - ဝုလ် (ယနေ့ည ၉:၃၀)

အဲဗာတန်အသင်းနှင့် ဝုလ် အသင်းတို့ဟာ အဲဗာတန် အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ် မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ လက်ရှိ အတော်လေး ရုန်းကန်နေရပါတယ်။ အဲဗာတန် အသင်းဟာ လက်ရှိမှာ တန်ဆင်းဇုံအထက် အဆင့် ၁၇ မှာ ရပ်တည်နေပြီး ဝုလ်အသင်းကတော့ အမှတ်ဇယား အောက်ဆုံး အဆင့် ၂၀မှာ ကျရောက်နေတာဖြစ်ပါတယ်။ဒီနေ့ညတော့ နှစ်သင်းစလုံး ၁ - ၁ ဖြင့် သရေရလဒ် ထွက်ပေါ်နိုင်ကြောင်း ခန့်မှန်းလိုက်ရတယ်။


လက်စတာ - နယူးကာဆယ်  (ယနေ့ည ၉:၃၀)

လက်စတာ အသင်းနှင့် နယူးကာဆယ် အသင်းတို့ဟာ လက်စတာ အိမ်ကွင်း ကင်းန်ပါဝါ မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လက်စတာအသင်းဟာ ရာသီအစမှာအတော်လေး ရုန်းကန်ခဲ့ရပြီး နယူးကာဆယ်အသင်းကတော့ လက်ရှိရာသီ ခြေစွမ်းပိုင်း အတော်လေး ကောင်းမွန်နေပြီး ၁ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ဒီနေ့ညပွဲစဉ်မှာတော့ ဧည့်သည် နယူးကာဆယ် အသင်းဟာ ၀ - ၂ ဖြင့် အနိုင်ရသွားမည် ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


ဆောက်သမ်တန် - ဘရိုက်တန် (ယနေ့ည ၉:၃၀)

ဆောက်သမ်တန် အသင်းနှင့် ဘရိုက်တန်အသင်းတို့ဟာ ဆောက်သမ်တန် အိမ်ကွင်း စိန့်မေရီ ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းဟာ လက်ရှိရာသီမှာ တန်းဆင်းဇုံအဆင့် ၁၉ မှာ ရပ်တည်နေပြီး ရုနးကန်နေရတာ ဖြစ်ပါတယ်။ဘရိုက်တန်အသင်းကတော့ နည်းပြ ဂရေဟမ်ပေါ်တာ ထွက်ခွာ သွားသည်တိုင် တည်ငြိမ်ကောင်းမွန် တဲ့ ခြေစွမ်းမျိုးတွေနဲ့ အကောင်းဆုံး ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ဒီနေ့ည မှာတော့ ဧည့်သည် ဘရိုက်တန် အသင်းကဘဲ ၀ - ၁ ဖြင့် အနိုင်ရသွားမည်ဖြစ်ကြောင်းခန့်မှန်းလိုက်ရပါတယ်။


ဘရန်းဖို့စ် - စပါး (ယနေ့ည ၇:၀၀)

ယနေ့ညရဲ့ ပွဲကြီး ပွဲကောင်းအနေ့နဲ့ လန်ဒန်မြို့ခံ ပြိုင်ဘက် နှစ်သင်းဖြစ်သည့် ဘရန်းဖို့စ် အသင်းနှင့် စပါးအသင်းတို့ဟယ ဘရန်းဖို့စ် အိမ်ကွင်းမှာ   ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရန်းဖို့စ်အသင်းက လက်ရှိရာသီမှာ မဆိုးလှတဲ့ စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားပြီး အိုင်ဗန်တိုနေးလို တိုက်စစ်မှူးမျိုး ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေတာပါ။စပါးအသင်းကတော့ လက်ရှိ ရာသီ ရလဒ်ပိုင်း တည်ငြိမ်ကောင်းမွန်နေပြီး တိုက်စစ်မှူး ဟယ်ရီကိန်း ကလည်း လက်ရှိရာသီ နည်းပြ အန်တီနီယို ကွန်တီရဲ့ ကစားကွက်မှာ ပိုမိုကောင်းမွန်လာတာကို မြင်ရမှာပါ။ဒီနေ့ ညပွဲစဉ်မှာတော့ ဧည့်သည် စပါးအသင်း က ၁ - ၂ ဖြင့် အနိုင်ရသွားမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)