ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ်




MNP  -   ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။


ရှေးဦးစွာ ခရိုင်စည်းရုံရေးကော်မတီဥက္ကဋ္ဌ ဦးနေဦးက လူငယ်တွေကို အန္တရာယ်တွန်းပို့နေတဲ့ ဂိမ်းကစားခြင်း၏ ဆိုးကျိုးများ၊ ဂိမ်းကစားခြင်းအားဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားရုံသာမက၊ ဖုန်း၏ အလင်းကြောင့် အမြင်အာရုံထိခိုက် လာနိုင်သည့်များကို အသိပေးဟောပြောပြီး ခရိုင်စည်းရုံရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးရွှေလှအောင်က ဆောင်းဦးရာသီတွင် သတိပြုစရာများ ခေါင်းစဉ်ဖြင့်  ဆောင်းရာသီအတွင်း အစားအစာများ စားသောက်ရာတွင်  ဆောင်ရန်၊ ရှောင်ရန်များ၊ တစ်ကိုယ်ရေ သန့်ရှင်ရေး ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ကလေးငယ်များတွင် ဖြစ်ပွားသော ကလေး တီဘီရောဂါခေါင်းစဉ်ဖြင့် ကလေးများ တီဘီကူးစက်ခံရမှုနှင့် ရောဂါလက္ခဏာများ၊ ကလေးများအား တီဘီကာကွယ် ဆေးထိုးနှံပေးသည့် အခြေအနေများ စသည့်တို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက လျှပ်စစ်ကို လိုအပ်မှ သုံးချွေတာသုံး ဘေးကင်းလုံခြုံသတိရှိစေလျှင် ခေါင်းစဉ်ဖြင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် အချက်များ၊ သုံးစွဲယူနစ် တိုင်းတာနိုင်မှုများ၊ ထမင်းပေါင်းအိုးနှင့် ရေနွေးအိုးများ သုံးစွဲရာတွင် သတိထားသင့်သည့် အချက်များ၊ နေအိမ်များတွင် မီးသီး၊ မီးချောင်းများ မလိုအပ်သောအချိန်တွင် ပိတ်ထားသင့်သည်များကို  အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများအား ဆောင်းတွင်းဝတ်ဆင်နိုင်ရန်အတွက် အနွေးထည်အင်္ကျီများအား ခရိုင်စည်းရုံရေး ကော်မတီဥက္ကဋ္ဌ ဦးနေဦး နှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စည်းရုံရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စည်းရုံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးရွှေလှအောင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)