ပေါက်တောမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်တောမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ဆောင်ရွက်


88

89

90


MNP   -   ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား၊ ကျောင်းသူလေးများအား မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်း၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန်လိုအပ်ကြောင်း စသည့် အကြောင်းအရာများကို ဟောပြောသည်။


အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြာပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို   ပေါက်တောမြို့ရှိခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃ဝ ဦးတက်ရောက်ကြကြောင်းနှင့် ပွဲများအပြီးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages