မိုင်းဖြတ်မြို့၊ အ.ထ.က (မိုင်းဖြတ်) ၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် “လူငယ်စကားဝိုင်း” ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့၊ အ.ထ.က (မိုင်းဖြတ်) ၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် “လူငယ်စကားဝိုင်း” ကျင်းပပြုလုပ်



MNP  -  ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် “လူငယ်စကားဝိုင်း” ကို ယနေ့နံနက်ပိုင်းက အ.ထ. က (မိုင်းဖြတ်) ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် အထက်တန်းပြဆရာ ဦးသန်းဇော်ဦးက အသိပညာဗဟုသုတတိုးပွား ရေးအတွက် စာအုပ်စာပေများ လေ့လာဖတ်ရှုကြရန်၊ လူငယ်စကားဝိုင်းထဲမှ ဆွေးနွေးချက် များကို သေချာမှတ်သား၍ လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသားလူငယ်များ ဖြစ်အောင် ကြိုးစားကြရန်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစီးအရာရှိ ဦးရှောလမွန်က စာသင်ကျောင်းက ပညာရပ်များအပြင် ဘဝတိုးတက် ရေးအတွက် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှု့၍ အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘဝခွန်အားဖြစ်သည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊သင်ယူရင်းလေ့ကျင့်၊ လေ့ကျင့် သင်ယူခြင်းဖြင့် ကြိုးစားတတ်စေရန်၊ သိမ်မွေ့ချိုသာစွာ ပြောဆိုဆက်ဆံတတ်ပြီး ပေါင်းသင်ဆက်ဆံ တတ် သော လူငယ်လူရွယ်များ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် လူငယ်စကားဝိုင်းပြုလုပ်ရာ အ.ထ.က (မိုင်းဖြတ်) ကျောင်း၊ Gread-10 မှ ကျောင်းသား ကျောင်းသူများဖြစ်သည့် ကျောင်းသားမောင်ကောင်းစံက လူငယ်နှင့်ပေါင်းသင်ဆက်ဆံရေး၊ ကျောင်းသူ မယမင်းနန္ဒာဖြိုးက လူငယ်နှင့်ခေါင်းဆောင်မှုစွမ်းရည်၊ ကျောင်းသူ မယွန်းမီမီထွန်း က လူငယ်နှင့်စာရိတ္တ၊ ကျောင်းသားမောင်ဧလိယက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များ ဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးကြရာတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ဦးစီးအရာရှိ ဦးရှောလမွန်၊ ဆရာမဒေါ်အားဒေါ့ (ထက်/ပြ)နှင့် ဦးဆောင် ဆွေးနွေးသူ ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရ သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူ (၁၂၀)ဦးခန့်တက် ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဖွဲ့မှ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ခင်းကျင်းပြသထားရှိသော အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)