ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်





MNP -  ဒီဇင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွဲစဉ်တ လျှောက် တာဝန်ယူဆောင်ရွက်ကြမည့် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ အသင်းအုပ်ချုပ်သူ၊ အသင်းနည်း ပြများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောက်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ တတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ကွင်း လယ်ဒိုင်၊ စည်းကြပ်ဒိုင်နှင့် အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်များအနေဖြင့် မည်သည့်အသင်းကိုမျှ ဘက်လိုက်မှုမရှိစေဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ကြစေလို ကြောင်း၊  ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများသည်  အသက်(၂၁)နှစ်ထက် မကျော်လွန်သူ များကိုသာ ပါဝင်ကစားခွင့်ပြုမည်ဖြစ်ကြောင်း၊ ကစားသမားအရည်အချင်း ကန့်သတ်ချက်စည်းမျဉ်းနှင့် မညီညွတ်သောကစားသမားများတွေ့ရှိပါက ၎င်းကစားသမားကို ထုတ်ပယ်ခံရမည့်အပြင်(လုံးဝ) အစား ထိုး ပြန်လည်ပြင်ဆင်ကစားခွင့်ပြုမည်မဟုတ်ကြောင်း စသည့် ဒိုင်များ၏လုပ်ဆောင်လိုက်နာရမည့် အချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။‌ ထို့နောက် ဘောလုံးပွဲစဉ်တလျှောက် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်များ၊ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြများမှ မိမိတို့ဆောင်ရွက်ရ မည့်လုပ်ငန်းများအပေါ် ပြန်လည်ဆွေးနွေးတင်ပြကြရာ ခရိုင်အားကာမှူးမှ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့မှ ဇန်နဝါရီလ (၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်ကလပ်အသင်း (၁၁)တို့မှ  ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ် ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)