MNP - ဒီဇင်ဘာ ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တောင်ကုတ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်တက္ကသိုလ်ရှိ ဘက်စုံသုံးအားကစားခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးအရာရှိများနှင့် မောင်မယ်သစ်လွင်အား မိတ်ဆက်ပေးပြီးနောက် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ကအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဒေါက်တာ ချိုချိုလွင်က သင်တန်းရေးရာနှင့်ပတသက်၍ လည်းကောင်း၊ ဝိဇ္ဇာဘာသာရပ် (ဌာနများ)၏ကိုယ်စား သိကောင်းစရာများကို ပထဝီဝင်ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းခိုင်ကလည်းကောင်း၊ သိပ္ပံဘာသာရပ်(ဌာနများ)၏ကိုယ်စား သိကောင်းစရာများကို သတ္တဗေဒ ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိခိုင်ဝင်းက လည်းကောင်း၊ တက္ကသိုလ် စာကြည့်တိုက်မှ လက်ထောက်စာကြည့်တိုက်မှူး ဒေါ်ဝင်းဝင်းရွှေက စာကြည့်တိုက်နှင့် ပတ်သက်သည်များ ကိုရှင်းလင်းပြောကြားပြီးနောက် နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ တက္ကသိုလ်အဆင့် ပထမဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များနှင့် စီမံအရာရှိများနှင့်၂၀၂၂-ခုနှစ်အောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment