တစ်ခါခြင်္သေ့ဖြစ်ခဲ့ဘူးရင် တစ်သက်တာလုံးခြင်္သေ့ဖြစ်တယ်ဆိုတဲ့ ခံယူချက် ယုံကြည်ချက်စိတ်ဓာတ်ကိုမွေးမြူကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ခါခြင်္သေ့ဖြစ်ခဲ့ဘူးရင် တစ်သက်တာလုံးခြင်္သေ့ဖြစ်တယ်ဆိုတဲ့ ခံယူချက် ယုံကြည်ချက်စိတ်ဓာတ်ကိုမွေးမြူကြရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား






MNP ၊ ဒီဇင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ပဲခူးမြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်သော  ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များ၊ လူငယ်/အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် တစ်ခါခြင်္သေ့ဖြစ်ခဲ့ဘူးရင် တစ်သက်တာလုံးခြင်္သေ့ဖြစ်တယ်ဆိုတဲ့ ခံယူချက် ယုံကြည်ချက်စိတ်ဓာတ်ကိုမွေးမြူကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် "ဒီနေ့တွေ့ဆုံပွဲကို အင်ပြည့်အားပြည့်နဲ့ တက်ရောက်တာမြင်ရတဲ့အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ မိမိတို့တွေဟာ တစ်ဦးတစ်ယောက်တည်းမဟုတ်ပဲ အဖွဲ့အစည်းနဲ့ဖြစ်တဲ့အတွက် စုစုစည်းစည်းနဲ့ ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ခါခြင်္သေ့ဖြစ်ခဲ့ဘူးရင် တစ်သက်တာလုံးခြင်္သေ့ဖြစ်တယ်ဆိုတဲ့ ခံယူချက် ယုံကြည်ချက်စိတ်ဓာတ်ကိုမွေးမြူကြရန် လိုအပ်ကြောင်းနှင့် လူငယ်၊ အမျိုးသမီးကဏ္ဍ အပါအဝင် နယ်ပယ်ရပ်ဝန်း(၈)ခုတို့၏ ဆောင်ရွက်မည့် အစီအမံများအား " ရှင်းလင်းပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး ဗဟိုအတိုင်ပင်ခံ ဦးဉာဏ်ဝင်းမှ ပါတီ၏ စည်းရုံးရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်အကြောင်းအရာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းမှ တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေသော အခြေအနေအရပ်ရပ်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပါတီဝင်များ၊ လူငယ်/အမျိုးသမီးအဖွဲ့ဝင်များမှ သိရှိလိုသည်များအား မေးမြန်းခဲ့ပါသည်။


ထို့နောက် ပါတီဥက္ကဋ္ဌက မေးမြန်းသောအချက်များဖြစ်သည့် ဥပဒေရေးရာများနှင့် သင်တန်းကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ပြန်လည်ဖြေကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် " ရွေးကောက်ပွဲအောင်မြင်နိုင်ရေး ရေးဆွဲထားသော ရက် (၉၀) စီမံချက် လမ်းညွှန်မှုများအား လိုက်နာဆောင်ရွက်ရန်၊ ပြည်သူလူထုအကြားအသွင်သစ်ဆက်ဆံရေးဖြင့် စည်းရုံးဆောင်ရွက်ကြရန်၊ မိမိတို့ပါတီမှတာဝန်ရှိသူများနှင့် ပါတီဝင်များ၊ ပါတီဝန်းရံသူများအကြား ဆက်သွယ်ဆက်ဆံနိုင်သောပုဂ္ဂိုလ်များထားရှိရန်နှင့် အဖွဲ့အစည်းများအချင်းချင်း တန်းတူရည်တူဆက်ဆံနိုင်ရေး ကိစ္စရပ်များအား " ပြောကြားကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)